ရေကြောင်းပညာစုံ ကမ္ဘာလွှမ်းခြုံ

မြင့်မားခိုင်မာသောအရည်အသွေးဖြင့် အားလုံးအတွက် ရေကြောင်းပညာ

လေ့လာရန်
ကျွန်ုပ်တို့သည်

ကျွန်ုပ်တို့သည်

၂၀၀၂ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံရေကြောင်း ပညာ တက္ကသိုလ်သည် မြန်မာနိုင်ငံရှိ ထိပ်သီးစာရင်းဝင် တက္ကသိုလ်များထဲမှ တစ်ခု အပါအဝင်ဖြစ်ကာ ရေကြောင်းဆိုင်ရာ ပညာရပ်
မျိုးစုံကို လေ့ကျင့်သင်ကြားပေးနေသည့် တက္ကသိုလ်ဖြစ်သည်။
သန်လျင်မြို့ (ရန်ကုန်မြို့တစ်ဖက်ကမ်း) တွင် တည်ရှိပါသည်။

ကျွန်ုပ်တို့တက္ကသိုလ်တွင် အလုံးစုံသော ရေကြောင်းပညာ ဘာသာရပ်ပေါင်းစုံကို ဘွဲ့ကြိုသင်တန်းများ၊ ဘွဲ့လွန်ဒီပလိုမာများ အပြင် ဘွဲ့လွန်သင်တန်းများပါ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

ကျောင်းဝင်ခွင့်

ကျွန်ုပ်တို့တက္ကသိုလ်သည် မြန်မာနိုင်ငံရှိ ရွေးချယ်မှုအများဆုံး တက္ကသိုလ်များထဲမှ တစ်ခုအပါအဝင် ဖြစ်သည်။ ကျောင်းဝင်ခွင့်များကို အဓိကအားဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအမှတ်များဖြင့် ရွေးချယ်စဉ်းစား လက်ခံပေးလျက်ရှိသည်။ နှစ်စဉ်ပညာသင်နှစ်တိုင်းအတွက် ကျောင်းသူ ၂၀% လက်ခံပေး လျက်ရှိပြီး ဆေးစစ်မှုများနှင့် မျက်စိစမ်းသပ်စစ်ဆေးမှုများ အောင်မြင်ရမည်ဖြစ်သည်။ ဘွဲ့ရကျောင်းသားများအတွက် အလုပ်အကိုင် အခွင့်အလမ်း များစွာ
ရှိသည့်အတွက် ကျောင်းဝင်ခွင့်လျှောက်ထားမှုများတွင် ယှဉ်ပြိုင်ရမှုများရှိပေသည်။ အနိမ့်ဆုံးဝင်ခွင့်အမှတ်မှာ ၂၀၀၅ ခုနှစ်တွင် ၄၄၃ ဖြစ်သည်။ ကျောင်းသားကျောင်းသူ ဦးရေတိုး၍ ခေါ်ယူခဲ့သော်လည်း ကျောင်းလျှောက်ထားမှုများ ပိုမိုများပြားလာသည့်အတွက် အနိမ့်ဆုံးဝင်ခွင့်အမှတ်များမှာ ၂၀၀၆ တွင် ၄၅၈၊ ၂၀၀၈ တွင် ၄၇၃၊ ၂၀၁၀ တွင် ၄၉၁ အထိ မြင့်တက်လာခဲ့သည်။

ဆက်လေ့လာရန်
ကျောင်းဝင်ခွင့်

သင်တန်းများ

ကျွန်ုပ်တို့သည် အင်ဂျင်နီယာ ဘွဲ့ကြိုသင်တန်း ၆ခု၊ သိပ္ပံ ဘွဲ့ကြိုသင်တန်း ၁ခု နှင့်အတူ ဘွဲ့လွန်ဒီပလိုမာတန်းများကိုလည်း ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပါသည်။ ၂၀၁၂ ခုနှစ်မှစ၍ အစိုးရ၏ မူဝါဒပြောင်းလဲမှုများကြောင့် အင်ဂျင်နီယာ ဘွဲ့ကြိုသင်တန်းများကို ယခင် ၅နှစ်မှ ယခု ၆နှစ်အဖြစ်၎င်း၊ သိပ္ပံ ဘွဲ့ကြိုသင်တန်းကို ယခင် ၄နှစ်မှ ယခု ၅နှစ်အဖြစ်၎င်း ကာလကြာချိန် တိုးမြှင့်သတ်မှတ်ကာ သင်ကြားပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့တက္ကသိုလ်သည် ရေကြောင်းဆိုင်ရာ ပညာရပ်များကို သင်ကြားပို့ချပေးရာ၌ နိုင်ငံတကာ စံချိန်စံနှုန်းသတ်မှတ်ချက်ဖြစ်သည့် STCW-95 နှင့်ကိုက်ညီအောင် သင်ကြားပို့ချပေးပါသည်။ တက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းများ၊ သင်ခန်းစာပို့ချမှုများ၊ လက်တွေ့သင်ခန်းစာနှင့် လေ့ကျင့်ပေးမှုများကို အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့အစည်းက ပင်လယ်ကူးကုန်သွယ်သင်္ဘောများတွင် အမှုထမ်းဆောင်ကြမည့် အမှုထမ်းများအတွက် သတ်မှတ်ထုတ်ပြန်ထားသည့် လေ့ကျင့်သင်တန်းပေးမှု အဆင့်သတ်ချက်များဖြစ်သည့် STCW-95 နှင့်ကိုက်ညီအောင် စီစဉ်ဆောင်ရွက်ကာ လေ့ကျင့်သင်ကြားပေးရပါသည်။ ကျွန်ုပ်တို့သည် ရေယာဉ်တည်ဆောက်မှုနှင့် အဏ္ဏဝါအင်ဂျင်နီယာ၊ ရေကြောင်း အင်ဂျင်နီယာ၊ ရေကြောင်း သိပ္ပံ၊ ဆိပ်ကမ်း အင်ဂျင်နီယာ၊ မြစ်ချောင်းနှင့် ကမ်းရိုးတန်း အင်ဂျင်နီယာ၊ ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရောနစ် အင်ဂျင်နီယာ၊ ရေကြောင်းမက္ကနစ်စသည့် ရေကြောင်းဆိုင်ရာဘာသာရပ်မျိုးစုံကို သင်ကြားပေးလျက်ရှိပါသည်။ ဘွဲ့လွန်ဒီပလိုမာများဖြစ်သည့် သင်္ဘောလုပ်ငန်း စီမံခန့်ခွဲမှု၊ ဆိပ်ကမ်းစီမံခန့်ခွဲမှု၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး စီမံခန့်ခွဲမှုသင်တန်းများကိုလည်း ပို့ချပေးနေလျက်ရှိပါသည်။

နှီးနွယ်အဖွဲ့အစည်းများ

နှီးနွယ်အဖွဲ့အစည်းများ

တည်နေရာ


မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်
သီလဝါ၊ သန်လျင်မြို့၊
ရန်ကုန်တိုင်းဒေသကြီး၊
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ။
စာတိုက်သေတ္တာအမှတ် - ၁၁၂၉၃

ပါမောက္ခချုပ်ရုံးခန်း
ဖုန်း - ၀၉-၈၆၀-၂၀၇၁၊ ၀၅၆-၂၂၁၇၀
ဖက်(စ်) - ၀၅၆-၂၂၁၇၅
အီးမေးလ် - [email protected],
[email protected],
[email protected]